Gallery

Success Language Academy သင်တန်းသူ၊ သင်တန်းသားများသို့

Success Language Academy တွင် ဘာသာစကားစွမ်းရည်ဆိုင်ရာ သင်တန်းအမျိုးမျိုးအားဖွင့်လှစ်သင်ကြားခဲ့သည်မှာ (၂၈)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ သင်တန်းဆရာ၊ဆရာမ Trainers များ၏အရည်အသွေးများအား စဉ်ဆက်မပြတ်မြှင့်တင်ပေးခြင်းနှင့် လက်တွေ့ကျသောသင်ကြားနည်းစနစ်ကောင်းများကြောင့် Success Language Academy ၏အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု သင်တန်းများအား ကောင်းသတင်းအဖြာဖြာနှင့် အမျိုးအစားစုံလင်စွာ ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီ ဖြစ်ပါသည်။ တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများ INGO, NGO များတွင်အလုပ်လုပ်လိုသူများ၊ အင်တာဗျူးဝင်မည့်သူများ၊ နိုင်ငံခြားတွင်ကျောင်းတက်၊ အလုပ်လုပ်လိုသူများ၊ ကုမ္ပဏီဝန်ထမ်းများ နှင့် ၁တန်းမှ၉တန်းအဆင့် ရင်သွေးငယ်များအတွက်ပါ အင်္ဂလိပ်စာသင်တန်းများအား Level အဆင့်ဆင့်ခွဲ၍ ဖွင့်လှစ်သင်ကြားပေးနေလျက်ရှိပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ

ဆရာအာသာ

Principle Success Language Academy